ဦး Phillip Maung ပြောတဲ့လူငါးမျိုး


UMFCCI မှာကျင်းပသွားတဲ့ ပွဲမှာ မြန်မာလူမျိုး အမရေိကန်နိင်ငံသား Hissho Sushi ပိုင်ရှင်ဦး Philip Maung ပြောပြသွားတာတွေထဲက ပြန်လည်တင်ပြလိုက်ပါတယ်။ ဦး Phillip Maung ကတော့ အမေရိကန်နိင်ငံမှာ ဆိုင်ခွဲပေါင်း ၈၀ဝ ကျော်ကို ဖွင့်လှစ်ထားပြီး အမရေိကန်သမ္မတ အိုဘားမားကတောင် အိမ်ဖြူတော်ကို ဖိတ်ကြားခဲ့ရတဲသူလည်းဖြစ်ပါတယ်။ Phillip Maung က အမေရိကကို ၁၉၈၉မှာ ဒေါ်လာ ၁၃ဒေါ်လာလောက်နဲ့ရောက်ရှိလာခဲ့ပြီး လက်ရှိအချိန်မှာတော့ သန်းကြွယ်သူဌေးတစ်ဦးဖြစ်နေပါပြီ။ သူရဲ့ Hissho Sushi က အမေရိကန်နိင်ငံမှာတင် ဆိုင်ခွဲပေါင်း ၈၀၀ ကျော်ရှိပါတယ်။ ကမ္ဘာအနံကိုလည်း စတင်ထိုးဖောက်နေပြီဖြစ်ပါတယ်။ ကို Phillip Maung ရဲပြောကြားချက်အရတော့ လူတွေကို အဆင့်ငါးမျိုး သတ်မှတ်ခွဲခြားလို့ရပါတယ်တဲ့။ အောက်ဆုံးအဆင့်က ဘယ်သူဘာလုပ်လုပ် မကောင်းပြောတဲ့သူပါ။ သူများဘဝတွေကိုလည်း အပြစ်တွေမြင်၊ ကိုယ့်ကိုကိုယ်လည်း အားမရတဲ့သူတွေပါ။ Facebook မှာ အများအားဖြင့်တွေ့ရတယ်ဆိုပါတယ်။ နောက်တစ်ဆင့်က ညည်းညူသူတွေပါ။ ငါ့ကျမှဖြစ်ရလေခြင်း။ ငါ့ဘဝကြီးကဆိုးလိုက်တာဆိုပြီး ကိုယ့်ကိုကိုယ်အပြစ်တင်နေသူတွေပါ။ဒီနှစ်မျိုးနဲ့ဆုံရင်တော့ ရှောင်ပါလို့အကြံပေးထားတယ် ဘယ်တော့မှတိုးတက်မယ့်သူတွေ မဟုတ်လို့ပါတဲ့။ နောက်တစ်ဆင့်က ငါတော်လို့ဖြစ်တာဆိုတဲ့လူမျိုးတွေပါ။ ငါမရှိရင်မဖြစ်ဘူး၊ သူအောင်မြင်တာ ငါ့ကြောင့်ဆိုတဲ့သူတွေပါ။ နောက်တစ်ဆင့်က ငါတို့ဆိုတဲ့သူတွေပါ။ အောင်မြင်မှုတွေကြုံလာရင် ငါတို့အဖွဲ့လုပ်တာ၊ ငါတို့ (WE) ဆိုတာသုံးတဲ့သူတွေပေါ့။ နောက်ဆုံးတစ်ဆင့်က ငါလည်းမဟုတ်၊ သူလည်းမဟုတ်၊ ငါတို့လည်းမဟုတ်ဘဲ အများအတွက် အလုပ်လုပ်နေတဲ့သူတွေပါ။ ကမ္ဘာကြီးပိုမိုကောင်းမွန်အောင် ရည်ရွယ်ချက်တွေနဲ့ အလုပ်လုပ်ဆောင်နေသူတွေပါ။ လူသားတွေကို ဘယ်လိုအကျိုးပြုရမလဲလို့ အမြဲစဉ်းစားနေသူတွေလို့ဆိုပါတယ်။ ကဲမိတ်ဆွေကော ဘယ်လိုလူထဲမှာ ပါပါသလဲ။